Message From Chairman

ဥယျောဇဥ်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ကို ခရီးသွားလုပ်ငန်းဆက်စပ်အသင်းများဖြစ်သည့်မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းဈေး ကွက်မြှင့်တင်ရေးအသင်း အပါအဝင် ညီနောင်အသင်း(၁၁)သင်းဖြင့် ၂၀၁၁ခုနှစ်၊ မေလတွင် စတင် ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။ ယခုဆိုရင် အဖွဲ့ချုပ်၏သက်တမ်းဟာ(၁၂)နှစ်တိုင်တိုင်ရှိပြီ ဖြစ်ပါ တယ်။ အခက်အခဲတွေကြားက (၁၂)နှစ်တိုင်တိုင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ ကို မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် လက်တွဲပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြတဲ့ ညီနောင် အသင်းများနဲ့ ခရီးသွားလုပ်ငန်းလုပ်ဖော်ကိုင်ဖက်များကို အထူး ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်သည် အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ခြင်း ဖြင့် ပြည်တွင်း၊ ပြည်ပ ပူးပေါင်းဆောင်ရွက်ချက်များအား အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်း၊ စီးပွားရေး အခွင့်အလမ်းဖန်တီးပေးခြင်းများတွင် ပံ့ပိုးဆောင်ရွက်ပေးခြင်းများ၊ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာအောင် စီမံခန့်ခွဲပေးခြင်းများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှပ်နှံမှုများအား တွန်းအားပေးခြင်း၊ ခရီးသွားလုပ်ငန်းထုတ်ကုန်သစ်များအား ဖော်ထုတ် ရှာဖွေခြင်း၊ ဈေးကွက် မြှင့်တင်ရေးမဟာဗျူဟာရေးဆွဲခြင်းများအား ညီနောင်အသင်းများနှင့် ပူးပေါင်း၍ ရေရှည်စဉ်ဆက် မပြတ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအလေး ထားဆောင်ရွက်လျက်ရှိပါသည်။ ခရီးသွားလုပ်ငန်းဟာ ၂၀၂၀ ခုနှစ် မတ်လကတည်းက စိန်ခေါ်မှုများစွာရှိခဲ့သော်လည်း အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရေရှည် တည်တံ့သော ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုး တက်ရေး အတွက် စိန်ခေါ်မှုများကို ကျော်လွှားနိုင်မယ်လို့ အပြည့်အဝ ယုံကြည်ပါတယ်။

Read More

Office Location

MTF ASSOCIATE MEMBERS

Union of Myanmar Travel Association
Founded in 2001


Myanmar Hotelier Association
Founded in 2002


Myanmar Tourism Marketing
Founded in 2000

Myanmar Tourism Human Resources Development Association


Domestic Pilgrimage & Tour Operators Association
Founded in 2012


Myanmar Exhibitions, Events & Convention Association


Myanmar Tourism Transportation Association
Founded in 2011

Myanmar Arts & Crafts Association
Founded in 2014

Contact Us

No.4, Corner of Merchant Road & Sandaku Road, 3 Ward, Botahtaung Township, Yangon, Myanmar.
Tel : +95 1 203861, 203862
Fax : +95 1 203863
Email : info@mtf.org.mm

Int'l volunteers

Careers

AGM

Other Tourism Sites

www.tourism.gov.mm
www.myanmar.travel
www.visitmyanmar.cn