Home  //  News  //  မန္တလေးနန်းမြို့ထက် အရွယ်အစား ကြီးမားသည့်တိမ်မြုပ်နေသော မြို့ဟောင်းကြီးတမြို့

      မြန်မာနိုင်ငံ၌ ရှေးမြို့ဟောင်းများအကြောင်း ပြောကြလျှင် အများစုမှာ မြန်မာပြည် အလယ်ပိုင်းနှင့် အထက်ပိုင်း ဒေသရှိ သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်းစသည့် ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်းဝင် ပျူမြို့များကိုသာ ပြေးမြင်တတ်ကြသည်။

သို့သော် မြန်မာပြည်အောက်ပိုင်း မြစ်ဝကျွန်းပေါ် ဒေသဖြစ်သည့် ဧရာဝတီတိုင်း၌ မန္တလေးနန်းမြို့ထက် အရွယ်အစား ကြီးမားသည့် မြို့ဟောင်းကြီးတခု တည်ရှိနေသည်ဟုဆိုလျှင် လူအများ အံ့သြကြပါလိမ့်မည်။

ပုသိမ်မြို့မှ ပုသိမ် – မုံရွာလမ်းမကြီး အတိုင်းသွားလျှင် အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့ အလွန် တောင်ဇင်းရွာ ရောက်မည်ဖြစ်သည်။ ရွာအတွင်းလမ်းအတိုင်း ၃ မိုင်ခန့် ၀င်ရောက်သွားပါက အကျယ်အ၀န်း ၈ မိုင်ပတ်လည်ခန့် ရှည်လျားသည် ဂ၀ံကျောက်များဖြင့် တည်ဆောက်ထားသော မြို့ဟောင်းကြီးကို မြင်တွေ့ရမည် ဖြစ်သည်။

မြို့ဟောင်းနေရာတွင် သီတင်းသုံးနေသည့် ကြပ်ပြင်တောရကျောင်းတိုက် ဆရာတော် ဦးပညာသီရိက“ဒီမြို့ဟောင်းနေရာက လူသူမနီးတော့ အရင်တုန်းကဆိုရင် ဆရာတော်ကြီးတွေလောက်ပဲ တရားကျင့်ကြံဖို့ လာနေကြတယ်။ ၂၀၀၈ ခုနှစ်မှာ ဦးပဇ္ဈင်းရဲ့ ဆရာတော်ကြီးတွေ ခိုင်းစေချက်အရ ဒီနေရာမှာ တောရ ဆောက်တည်ပြီး ရှေးဟောင်း သာသနိကအဆောက်အဦးတွေကိုလည်း ထိမ်းသိမ်းရင်း တဖက်ကလည်း ပျူမြို့ဟောင်း က ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းတွေလည်း ထိန်းသိမ်းရင်း သီတင်းသုံးခဲ့တာ အခုအချိန် အထိပဲ” ဟု ဧရာဝတီသို့ မိန့်ကြားသည်။

ဆရာတော် ဦးပညာသီရိက ရွာနီးချုပ်စပ်မှ ဒကာများနှင့်အတူ မြို့ဟောင်းရှိ ရှေးဟောင်းသာသနိက အဆောက် အဦးများ၏ ချုံနွယ်ပိတ်ပေါင်းများကို ခုတ်ထွင်ရှင်းလင်းပြီး တောရဆောက်တည်ရင်း ၂၀၀၉ ခုနှစ်တွင် သမိုင်း သုတေသီ ဦးဘုန်းတင့်ကျော်နှင့် အဖွဲ့ကို ဖိတ်ခေါ်၍ မြို့ဟောင်းကို လေ့လာစေခဲ့သည်။

သုတေသီ ဦးဘုန်းတင့်ကျော်နှင့် အဖွဲ့က မြို့ဟောင်း၌ တွေ့ရှိရသည့် အက္ခရာများ၊ အုတ်ချပ်၊ ရေတွင်း၊ အုတ်လှေကား၊ စေတီ၊ ဗုဒ္ဓရုပ်ပွားတော်နှင့် နတ်ရုပ်များကို လေ့လာ မှတ်တမ်းတင်ပြီးနောက် လွန်ခဲ့သည့် နှစ်ပေါင်း ၂၃၀၀ ကျော်က ပျူလူမျိုးတို့ တည်ဆောက်ခဲ့သည့် မြို့ဟောင်းဖြစ်နိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။

ဘီစီ ၃ရာစု (ခရစ်တော် မပေါ်မီ နှစ်ပေါင်း ၃၀၀) နှင့် ဘီစီ ၆ ရာစုအကြား ထွန်းကားခဲ့သည့် ဗုဒ္ဓခေတ်နှင့် အသောက ခေတ်တို့တွင် ဗြဟ္မီ (ဗရမ်မီ) ဟူသည့် အက္ခရာကို အသုံးပြုခဲ့ကြကြောင်း၊ အဆိုပါ ဗြဟ္မီအက္ခရာကို မြန်မာနိုင်ငံရှိ ထင်ရှားသည့် ပျူမြို့ဟောင်းများဖြစ်သည့် သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း တို့တွင် တွေ့ရှိရသကဲ့သို့ အင်္ဂပူမြို့နယ်ရှိ ဂ၀ံမြို့ဟောင်း တွင်လည်း အခိုင်အမာ တွေ့ရှိရသည့်အတွက် ပျူမြို့ဟောင်းဖြစ်နိုင်သည်ဟု ပြောဆိုခြင်းဖြစ်ကြောင်း သမိုင်းပညာရှင် ဦးဘုန်းတင့်ကျော်က ဧရာဝတီကို ရှင်းပြသည်။

“ဒီမြို့ဟောင်းဟာ ဗုဒ္ဓခေတ်နဲ့ အသောကခေတ်ကြားမှာ ထွန်းကားခဲ့တယ်။ ဗုဒ္ဓခေတ်နဲ့ အသောကခေတ်က ဗြဟ္မီ လို့ခေါ်တဲ့ အက္ခရာကို သုံးတယ်။ အဲဒီအက္ခရာဟာ အသောကမင်း နတ်ရွာစံပြီး ၁ နှစ်အတွင်း သူ့အင်ပါယာကြီးလည်း ပြိုကွဲပြီးတဲ့နောက် အဲဒီအက္ခရာလည်း ကွယ်ပျောက်သွားခဲ့တယ်။ ဒါကြောင့် ဗြဟ္မီ အက္ခရာ အထောက်အထားအရ ဒီမြို့တည်တာဟာ စောရင် ဘီစီ ၆ ရာစု၊ နောက်ကျရင် ဘီစီ ၃ ရာစု ဖြစ်မယ်။ အဲဒီထက်တော့ နောက်မကျနိုင်ဘူး။ ဘာလို့လဲဆိုတော့ ဘီစီ ၃ ရာစုထက် နောက်ကျရင် ဗြဟ္မီ အက္ခရာတွေ ရစရာ မရှိတော့ဘူး” ဟု သူက အထောက်အထား အကိုးအကားနှင့် ဆိုသည်။

ထို့အပြင် မြို့ဟောင်းအနောက်ဘက် လေသာတောင်ရှိ ဓမ္မိကစေတီတော်အနီး တွေ့ရသည့် ကျောက်ဆစ် နတ်ရုပ်များမှာ ပဲခူးတိုင်း ရွှေတောင်မြို့ရှိ ပျူခေတ် ရဟန္တာသိမ်မှ နတ်ရုပ်များနှင့် လက်ရာ တထပ်တည်း တူညီနေခြင်း၊ အုတ်လှေကား များမှာလည်း ပျူလက်ရာအတိုင်း ဒေါင်လိုက် စီတန်းထားသည့် တည်ဆောက်ပုံများကြောင့် ပျူမြို့ဟောင်းဖြစ်နိုင်ခြေ ပိုများနေကြောင်း ဦးဘုန်းတင့်ကျော်က ပြောသည်။

“ဒီမြို့ကြီးဟာ အနော်ရထာမင်း နန်းမတက်ခင် စတုတ္ထပုဂံခေတ် မတိုင်မီမှာဘဲ ပျက်စီးခဲ့တယ်လို့ ယူဆရတယ်။ အေဒီ ၁၁ ရာစု နောက်ပိုင်း စတုတ္ထပုဂံခေတ် ရာဇ၀င်မှတ်တမ်းတွေ၊ မွန်တွေရဲ့ မှတ်တမ်းတွေမှာ ဒီမြို့ဟောင်းကို လုံးဝ မတွေ့ရတော့ဘူး။ အဲဒီခေတ်က မပျက်သေးဘဲ လူနေတုန်းဆိုရင် ဒီလောက်ကြီးတဲ့ မြို့ကြီးဟာ ပုဂံခေတ် မှတ်တမ်းတွေမှာ ကျိန်းသေပါရမယ်။ အခုက ရာဇ၀င်တွေမှာကို ရှာမတွေ့တော့တာ” ဟု ဦးဘုန်းတင့်ကျော်က ပြောသည်။

နေပြည်တော်ရှိ ရှေးဟောင်းသုတေသန ဌာန၏ အဆိုအရမူ မြေပေါ် အထောက်အထားများအရ ပျူမြို့ဖြစ်သည့် အထောက်အထား မတွေ့ရဘဲ နှစ်ပေါင်းရာနှင့်ချီ တည်ရှိခဲ့သည့် ရှေးမြို့ဟောင်းတခု အဖြစ်သာ ယာယီ သတ်မှတ်ထားကြောင်း သိရသည်။

“ကျနော်တို့ ဌာနက ၂၀၁၃ ခုနှစ်မှာ ပညာရှင်တွေစေလွှတ်ပြီး အင်္ဂပူမြို့ဟောင်းကို လေ့လာသုတေသန ပြုထားပါတယ်။ မြေပေါ် အထောက်အထားတွေ အရတော့ ပျူမြို့ဖြစ်ကြောင်း မတွေ့ရဘူး။ ဥပဒေအရ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိရင် ရှေးဟောင်းအဖြစ် သတ်မှတ်တဲ့အတွက် ရှေးမြို့ဟောင်း တခုခုတော့ ဖြစ်နိုင်ပါတယ်” ဟု ရှေးဟောင်း သုတေသနဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

ပျူသမိုင်းနှင့် ပတ်သက်၍ လေ့လာနေသည့် သုတေသီ ဦးဘုန်းတင့်ကျော်ကမူ မြန်မာနိုင်ငံတွင် တကောင်းခေတ် မတိုင်မီ ဘီစီ ၃ ရာစုမှ ၆ ရာစုအတွင်း ထွန်းကားခဲ့သည့် ပျူမြို့ပေါင်း ၂၂ မြို့ ရှိပြီး ယင်းမြို့များထဲတွင် ပင်လယ်ပျူ အမည်ရှိ မြို့တမြို့ ပါဝင်ကြောင်း၊ ဧရာဝတီတိုင်းတွင် တွေ့ရသည့် အင်္ဂပူမြို့ဟောင်းမှာ ပင်လယ်ပျူမြို့ ဖြစ်နိုင်ကြောင်း ယူဆနေသည်။

“ပျူရာဇ၀င် မှတ်တမ်းတွေမှာ ပင်လယ်ပျူမြို့ဆိုပြီး ဖော်ပြထားတဲ့ မြို့တမြို့ ပါတယ်။ ပင်လယ်ကမ်းနားအနီးမှာ တည်တဲ့အတွက် ပင်လယ်ပျူမြို့လို့ ခေါ်တယ်။ ကျနော်ကတော့ အင်္ဂပူမြို့ဟောင်းဟာ ပင်လယ်ပျူမြို့လို့ ထင်မိတယ်။ ပင်လယ်ကမ်းနားမှာ တည်တဲ့ မင်းနေပြည်တော် အရွယ်ရှိတဲ့ မြို့ကြီးဆိုလို့ ဒီတမြို့ပဲ ရှိတယ်” ဟု သမိုင်းပညာရှင် ဦးဘုန်းတင့်ကျော်က ပြောသည်။

ပျူခေတ်အုပ်ချုပ်ပုံ၌ ရှင်ဘုရင်များသာလျှင် ကြီးမားသည့် မြို့ကြီးများ တည်ဆောက်ခွင့်ရှိကြရာ မြို့စား၊ နယ်စားများမှာ ဘုရင်နန်းစံသည့် မင်းနေပြည်တော်၏ ထက်ဝက်ခန့် (သို့မဟုတ်) သုံးပုံတပုံခန့် အရွယ် အစားရှိသည့် မြို့များသာ တည်ဆောက်ခွင့်ရကြသည်ဟု သိရသည်။

အကျယ်အ၀န်း ၈ မိုင် ပတ်လည်ခန့်ရှိသည့် အင်္ဂပူမြို့ဟောင်းမှာ မြန်မာပြည်အောက်ပိုင်းရှိ ပဲခူး၊ မုတ္တမ၊ သထုံဒေသရှိ မြို့ဟောင်းများထက် အရွယ်အစား ပိုမိုကြီးမားနေသည့်အတွက် ပျူဘုရင်တပါးပါး ထီးနန်းစိုးစံအုပ်ချုပ်ခဲ့လိမ့်မည်ဟု အင်္ဂပူမြို့ဟောင်းကို သုတေသနပြုခဲ့သည့် သမိုင်းပညာရှင်အဖွဲ့က ယူဆထားသည်။

အင်္ဂပူမြို့ဟောင်းမှာ ရခိုင်ရိုးမကို နောက်ခံထား၍ ပေ ၁၀၀ ကျော်မြင့်သည့် တောင်ကြောပေါ်တွင် တည်ဆောက် ထားခြင်းဖြစ်ပြီး၊ စေတီပုထိုးများ၊ စိမ့်စမ်း ရေတွင်းများ တည်ရှိရာနေရာကို အလယ်ဗဟို ထားကာ ဘယ်ဘက် နှင့် ညာဘက် တောင်ကြောများပေါ်တွင် ဂ၀ံကျောက်တုံးကြီးများဖြင့် မြို့ရိုးများ တည်ဆောက်ထားသည်။ မြို့အရှေ့ဘက် မျက်နှာစာတွင် ကျယ်ပြန့်သည့် မြေပြန့်လွင်ပြင်နှင့် ကျေးရွာများ တည်ရှိသည်ကို တွေ့ရသည်။

“အဲဒီကာလမှာ မြို့တည်တဲ့လူတွေဟာ စနစ်ကျတယ်။ ဘယ်ဘက်နဲ့ ညာဘက်က တောင်ကြောတွေပေါ်မှာ ကင်းစခန်းတွေ တည်ထားပြီး အလယ်မှာ အ၀င်လမ်းလုပ်ထားပေးတယ်။ သူတို့ဆီကိုလာတဲ့ ကုန်သည်တွေ၊ သံတမန်တွေ၊ ရန်သူတွေ ၀င်လာမယ်ဆို ၀င်ပေါက်က မြေပြန့်လွင်ပြင်ကလာရမယ့် အလယ်ပေါက်တခုပဲ ရှိတာ တွေ့ရတယ်” ဟု အင်္ဂပူမြို့ဟောင်းကို ကွင်းဆင်းလေ့လာခဲ့သူ ဦးဘုန်းတင့်ကျော်က ပြောသည်။

အကယ်၍ ပျူမြို့သာ မှန်ပါက အကျယ်အ၀န်း ၈ မိုင်ကျော်ရှိသည့် အင်္ဂပူမြို့ဟောင်းသည် သရေခေတ္တရာ ပျူမြို့ဟောင်းပြီးလျှင် ဒုတိယအကြီးဆုံး ပျူမြို့ဖြစ်လာနိုင်ကြောင်း သူက ဆိုသည်။

ဧရာဝတီတိုင်း၌ တူးဖော်တွေ့ရှိရသည့် သမိုင်း အထောက်အထားများအရ အေဒီ ၁၄ ရာစုတွင် ထွန်းကားခဲ့သည့် အင်းဝခေတ်မှာ အစောဆုံးဖြစ်ပြီး ယခုတွေ့ရှိသည့် အထောက်အထားများသည် ပျူခေတ်ကတည်းက ဖြစ်သည်ဆိုပါက အင်းဝထက် နှစ် ၁၀၀၀ ကျော် ပို၍ ရှေးကျနိုင်သည့် သဘောဖြစ်သည်။

“လက်ရှိမှာ ပျူခေတ် အထောက်အထားတွေ တွေ့ရှိနေရပြီ။ သေချာစနစ်တကျ တူးကြည့်မယ်ဆိုရင် သမိုင်းအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အထောက်အထားတွေ ရလာနိုင်တယ်” ဟု ဦးဘုန်းတင့်ကျော်က ပြောသည်။

ဧရာဝတီတိုင်း၌ ရှေးဟောင်းမြို့ဟူ၍ မြောင်းမြ တမြို့သာရှိပြီး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအဖြစ် သတ်မှတ်၍ ယဉ်ကျေးမှုဝန်ကြီးဌာနက ထိမ်းသိမ်း စောင့်ရှောက်ထားကြောင်း သိရသည်။

သမိုင်းတန်ဖိုး နားမလည်ကြသည့် လူတချို့က မြို့ဟောင်းမှ ဂ၀ံကျောက်တုံးများ၊ အုတ်ချပ်များကို ထုချေ၍ လမ်းခင်းခြင်း၊ ဘုရားခြေတော်ရာ ရွှေချထားသည်များကို ခွာယူခြင်း၊ ဆေးကုလားမပင် စိုက်ပျိုးရန်ဟုဆိုကာ မြို့ဟောင်းဧရိယာအတွင်းရှိ ရှေးဟောင်း အဆောက်အဦးများကို ဖျက်ဆီးခြင်းများ ရှိနေသည့်အတွက် အင်္ဂပူမြို့ဟောင်းကိုလည်း ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအဖြစ် သတ်မှတ်ပြီး အစိုးရက စနစ်တကျ ထိမ်းသိမ်း စောင့်ရှောက်စေလိုကြောင်း ကြပ်ပြင်တောရ ဆရာတော် ဦးပညာသီရိက မိန့်ကြားသည်။

“မြို့ဟောင်းကို ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအဖြစ် သတ်မှတ်ပြီး အစိုးရက အမြန်ဆုံး စောင့်ရှောက်မှသာ အဆင်ပြေမယ်။ အခုတောင် မြို့ဟောင်း အနောက်ဘက် ဆင်ကျုံးရှိတဲ့နေရာမှာ ဆေးကုလားမ စိုက်ဖို့ဆိုပြီး စီးပွားရေး သမားတွေက လာတူးလိုက်တော့ ဆင်ကျုံးပျက်စီးသွားပြီ။ ဦးပဇ္ဈင်းလည်း တတ်နိုင်သလောက် စောင့်ရှောက် ပေမယ့် အစိုးရမလုပ်ရင်မရတဲ့ အခြေအနေ ဖြစ်နေပြီ” ဟု ဆရာတော်က မိန့်သည်။

အင်္ဂပူမြို့ဟောင်းအား ၂၀၁၃ ခုနှစ်တွင် နေပြည်တော်ရှိ ရှေးဟောင်း သုတေသနဌာနမှ တာဝန်ရှိသူများ လာရောက် စစ်ဆေး၍ မှတ်တမ်းတင်ခြင်းများ ပြုလုပ်ခဲ့သော်လည်း ယနေ့အချိန်အထိ မြို့ဟောင်းအဖြစ် ထိမ်းသိမ်းစောင့်ရှောက်ခြင်း မရှိသေးကြောင်း သိရသည်။

နေပြည်တော်ရှိ ရှေးဟောင်း သုတေသနဌာနမှ အဆင့်မြင့် အရာရှိတဦးကမူ “ဘတ်ဂျတ် (အသုံးစရိတ်) အရ ဒီမြို့ဟောင်းကို ကျနော်တို့က တူးဖော်ဖို့ အလှည့် မပေးနိုင်သေးဘူး။ ရှေ့မှာက သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း စသဖြင့်ပေါ့၊ သေချာနေတဲ့ မြို့ဟောင်းတွေ တူးဖော်နေရတော့ အလှည့် မပေးနိုင်သေးတာပါ။ ထိန်းသိမ်း စောင့်ရှောက်ဖို့ကတော့ ရှေးဟောင်းအမွေအနှစ် ထိမ်းသိမ်းရေး ဥပဒေအရ ကျနော်တို့ လုပ်ဆောင်သွားမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။

ဆရာတော် ဦးပညာသီရိက မြို့ဟောင်းအဖြစ် သတ်မှတ်ရာအတွင် အထောက်အကူ ပြုနိုင်ရေးအတွက် ဒေသခံများ တွေ့ရှိထားသည့် ရှေးဟောင်းပစ္စည်းများကို အလှူခံပြီး စုဆောင်းနေသည်။

“ဒေသခံတွေက လယ်ထွန်ရင်း၊ တူးဆွရင်း ဆေးတံတွေ၊ ပယင်းနားတောင်းတွေ၊ စာတွေရေးထားတဲ့ အိုးခြမ်းကွဲတွေ တွေ့ကြတာရှိတယ်။ အဲဒါတွေတွေ့ရင် ဦးပဇ္ဈင်းကို လှူပေးကြပါလို့ ပြောထားတယ်။ လက်ရှိတော့ အုတ်ချပ် ၂၀ လောက်နဲ့ ဆေးတံဟောင်းတွေ လာလှူထားလို့ သေချာသိမ်းထားတယ်” ဟု ဆရာတော်က မိန့်ကြားသည်။

မြန်မာနိုင်ငံ၌ ရှေးမြို့ဟောင်းပေါင်း ၃၅၀ ကျော် တွေ့ရှိ မှတ်တမ်းတင်ထားသော်လည်း ရှေးဟောင်း သုတေသနဌာနက မြို့ ၁၀ မြို့ခန့်သာ တူးဖော်ထားနိုင်ကြောင်း၊ မြို့ဟောင်းများကို စနစ်တကျ တူးဖော် မှတ်တမ်းတင်နိုင်မှသာ မြန်မာနိုင်ငံ ထွန်းကားပေါ်ပေါက်လာပုံ သမိုင်း (Standard History) ပြုစု ရေးသား နိုင်မည်ဖြစ်ကြောင်း သမိုင်းပညာရှင် ဦးဘုန်းတင့်ကျော်က ပြောသည်။

“နိုင်ငံတခုအတွက် Standard History ဆိုတာ အရေးကြီးပါတယ်။ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံတောင် Standard History ရေးပြီးပြီ။ ကျနော်တို့နိုင်ငံက မရေးရသေးဘူး။ ဒါရေးမယ်ဆိုရင် မြို့ဟောင်းတွေကို စနစ်တကျ တူးဖော်မှတ်တမ်းတင်ဖို့ လိုတယ်။ အင်္ဂပူမြို့ဟောင်းကလည်း မြန်မာ့သမိုင်းအတွက် တထောင့်တနေရာက အထောက်အကူပြုနိုင်မယ်လို့ ယုံကြည်တယ်” ဟု သူက ပြောသည်။

Credit Irrawaddy Blog

ငြိမ်းချမ်းအောင်

==============

ျမန္မာနိုင်ငံ၌ ရွေးမြို့ဟောင်းမ်ားအေကြာင်းျေပာကြလ်ွင် အမ်ားစုမျွာမန္မျာပည် အလယ္ပိုင်းနွင့် အထက္ပိုင်း ဒေသရွိ သေရေခတ္တရာ၊ ဗိဿနိုး၊ ဟန္လင်းစသည့် ကမ္ဘာ့ရွေးဟောင်း အေမြအနွစ္စာရင်းဝင် ပ်ူမြို့မ်ားကိုသာျေပျးမင္တတ်ကြသည်။

သို့သော်ျမန္မျာပည်အောက္ပိုင်ျးမစ်ဝကျနြ်းပေါ် ဒေသျဖစ်သည့် ဧရာဝတီတိုင်း၌ မန္တလေးနန်းမြို့ထက် အရြယ်အစား ကြီးမားသည့် မြို့ဟောင်းကြီးတခု တည်ရွိနေသည်ဟုဆိုလ်ွင် လူအမ်ား အံ့သြကြပါလိမ့်မည်။

ပုသိမ်မြို့မွ ပုသိမ် – မုံရြာလမ်းမကြီး အတိုင်းသြားလ်ွင် အဂင်္ပူမြို့နယ်၊ ကြင်းကောက်မြို့ အလြန် တောင္ဇင်းရြာ ရောက္မည်ျဖစ်သည်။ ရြာအတြင်းလမ်းအတိုင်း ၃ မိုင္ခန့် ၀င်ရောက်ြသားပါက အက်ယ်အ၀န်း ၈ မိုင္ပတ္လည္ခန့် ရွည္လ်ားသည် ဂ၀ံကော်က္မ်ာျးဖင့် တည်ဆောက္ထားသော မြို့ဟောင်းကြီးကျိုမင်တြေ့ရမည်ျဖစ်သည်။

မြို့ဟောင်းနေရာတြင် သီတင်းသုံးနေသည့် ကြပ်ျပင်တောရေက်ာင်းတိုက် ဆရာတော် ဦးပညာသီရိက“ဒီမြို့ဟောင်းနေရာက လူသူမနီးတော့ အရင္တုန်းကဆိုရင် ဆရာတော်ကြီးတြေလာက္ပဲ တရားက်င့်ကြံဖို့ လာနေကြတယ်။ ၂၀၀၈ ခုနွစ္မွာ ဦးပဇ္စ်င်းရဲ့ ဆရာတော်ကြီးတြေ ခိုင်းစေခ်က်အရ ဒီနေရာမွာ တောရ ဆောက္တည်ပြီး ရွေးဟောင်း သာသနိကအေဆာက်အဦးတြေကိုလည်း ထိမ်းသိမ်းရင်း တဖက္ကလည်း ပ်ူမြို့ဟောင်း က ယဉ်ကေ်းမှု အေမြအနွစ္ပစ္စည်းတြေလည်း ထိန်းသိမ်းရင်း သီတင်းသုံးခဲ့တာ အခုအခိန် အထိပဲ” ဟု ဧရာဝတီသို့ မိန့်ကြားသည်။

ဆရာတော် ဦးပညာသီရိက ရြာနီးခ်ုပ္စပ္မွ ဒကာမ်ားနွင့်အတူ မြို့ဟောင်းရွိ ရွေးဟောင်းသာသနိက အေဆာက် အဦးမ်ား၏ ခ်ုံနယ္ပြိတ်ပေါင်းမ်ားကို ခုတ္ထြင်ရွင်းလင်းပြီး တောရေဆာက္တည်ရင်း ၂၀၀၉ ခုနွစ္တြင် သမိုင်း သုတေသီ ဦးဘုန်းတင့်ကော််နွင့် အဖြဲ့ကို ဖိတ်ခေါ်၍ မြို့ဟောင်းကို လေ့လာစေခဲ့သည်။

သုတေသီ ဦးဘုန်းတင့်ကော််နွင့် အဖြဲ့က မြို့ဟောင်း၌ တြေ့ရွိရသည့် အက္ခရာမ်ား၊ အုတ္ခ်ပ်၊ ရေတြင်း၊ အုတ်လွေကား၊ စေတီ၊ ဗုဒ္ဓရုပ္ပြားတော်နွင့် နတ်ရုပ္မ်ားကို လေ့လာ မွတ္တမ်းတင်ပြီးနောက် လြန္ခဲ့သည့် နွစ်ပေါင်း ၂၃၀၀ ကေ်္ကာ ပ်ူလူမိုးတို့ တည်ဆောက္ခဲ့သည့် မြို့ဟောင်ျးဖစ်နိုင်ကြောင်း မွတ္ခ်က်ျပုခဲ့သည်။

ဘီစီ ၃ရာစု (ခရစ်တော် မေပ်ါမီ နွစ်ပေါင်း ၃၀၀) နွင့် ဘီစီ ၆ ရာစုအကြား ထြန်းကားခဲ့သည့် ဗုဒ္ဓခေတ်နွင့် အေသာက ခေတ္တို့တြင်ျဗဟ္မီ (ဗရမ္မီ) ဟူသည့် အက္ခရာကို အသုံျးပုခဲ့ကြေကြာင်း၊ အဆိုပျါဗဟ္မီအက္ခရာကျိုမန္မာနိုင်ငံရွိ ထင်ရွားသည့် ပ်ူမြို့ဟောင်းမ်ာျးဖစ်သည့် သေရေခတ္တရာ၊ ဗိဿနိုး၊ ဟန္လင်း တို့တြင် တြေ့ရွိရသကဲ့သို့ အဂင်္ပူမြို့နယ်ရွိ ဂ၀ံမြို့ဟောင်း တြင္လည်း အခိုင်အမာ တြေ့ရွိရသည့်အတြက် ပ်ူမြို့ဟောင်ျးဖစ်နိုင်သည်ဟုျေပာဆျိုခင်ျးဖစ်ကြောင်း သမိုင်းပညာရွင် ဦးဘုန်းတင့်ကေ်္ကာ ဧရာဝတီကို ရွင်ျးပသည်။

“ဒီမြို့ဟောင်းဟာ ဗုဒ္ဓခေတ္နဲ့ အေသာကေခတ်ကြားမွာ ထြန်းကားခဲ့တယ်။ ဗုဒ္ဓခေတ္နဲ့ အေသာကေခတ္ကျဗဟ္မီ လို့ခေါ်တဲ့ အက္ခရာကို သုံးတယ်။ အဲဒီအက္ခရာဟာ အေသာကမင်း နတ်ြရာစံပြီး ၁ နွစ်အတြင်း သူ့အင္ပါယာကြီးလည်း ပြိုကဲပြီးတဲ့နောက် အဲဒီအက္ခရာလည်း ကြယ်ပော်က်ြသားခဲ့တယ်။ ဒါကြောင့်ျဗဟ္မီ အက္ခရာ အေထာက်အထားအရ ဒီမြို့တည္တာဟာ စောရင် ဘီစီ ၆ ရာစု၊ နောက္က်ရင် ဘီစီ ၃ ရာဈုဖစ္မယ်။ အဲဒီထက်တော့ နောက္မက်နိုင္ဘူး။ ဘာလို့လဲဆိုတော့ ဘီစီ ၃ ရာစုထက် နောက္က်ရင်ျဗဟ္မီ အက္ခရာတြေ ရစရာ မရွိတော့ဘူး” ဟု သူက အေထာက်အထား အကိုးအကားနွင့် ဆိုသည်။

ထို့အျပင် မြို့ဟောင်းအေနာက္ဘက် လေသာတောင်ရွိ ဓမ္မိကေစတီတော်အနီး တြေ့ရသည့် ကော်က္ဆစ် နတ်ရုပ္မ်ားမွာ ပဲခူးတိုင်း ရွှေတောင်မြို့ရွိ ပ်ူခေတ် ရဟန္တာသိမ္မွ နတ်ရုပ္မ်ားနွင့် လက်ရာ တထပ္တည်း တူညီနျေခင်း၊ အုတ်လွေကား မ်ားမွာလည်း ပ်ူလက်ရာအတိုင်း ဒေါင္လိုက် စီတန်းထားသည့် တည်ဆောက္ပုံမ်ားကြောင့် ပ်ူမြို့ဟောင်ျးဖစ်နိုင်ျေခ ပိုမ်ားနေကြာင်း ဦးဘုန်းတင့်ကေ်္ကာျေပာသည်။

“ဒီမြို့ကြီးဟာ အေန်ာရထာမင်း နန်းမတက္ခင် စတုတ္ထပုဂံခေတ် မတိုင္မီမွာဘဲ ပ်က္စီးခဲ့တယ္လို့ ယူဆရတယ်။ အေဒီ ၁၁ ရာစု နောက္ပိုင်း စတုတ္ထပုဂံခေတ် ရာဇ၀င္မွတ္တမ်းတြေ၊ မြန်တြေရဲ့ မွတ္တမ်းတြေမွာ ဒီမြို့ဟောင်းကို လုံးဝ မေတြ့ရေတာ့ဘူး။ အဲဒီခေတ္က မပ်က်သေးဘဲ လူနေတုန်းဆိုရင် ဒီလောက်ကြီးတဲ့ မြို့ကြီးဟာ ပုဂံခေတ် မွတ္တမ်းတြေမွာ ကိန်းသေပါရမယ်။ အခုက ရာဇ၀င်တြေမွာကို ရွာမေတြ့တော့တာ” ဟု ဦးဘုန်းတင့်ကေ်္ကာျေပာသည်။

နျေပည်တော်ရွိ ရွေးဟောင်းသုတေသန ဌာန၏ အဆိုအရမူျေမေပါ် အေထာက်အထားမ်ားအရ ပ်ူမြိျု့ဖစ်သည့် အေထာက်အထား မေတြ့ရဘဲ နွစ်ပေါင်းရာနွင့်ခ်ီ တည်ရွိခဲ့သည့် ရွေးမြို့ဟောင်းတခု အျဖစ်သာ ယာယီ သတ္မွတ္ထားကြောင်း သိရသည်။

“က်န္တောို့ ဌာနက ၂၀၁၃ ခုနွစ္မွာ ပညာရွင်တြေစလွှတ်ပြီး အဂင်္ပူမြို့ဟောင်းကို လေ့လာသုတေသနျပုထားပါတယ်။ျေမေပါ် အေထာက်အထားတြေ အရေတာ့ ပ်ူမြိျု့ဖစ်ကြောင်း မေတြ့ရဘူး။ ဥပေဒအရ နွစ်ပေါင်း ၁၀၀ ကော်် သက္တမ်းရွိရင် ရွေးဟောင်းအျဖစ် သတ္မွတ္တဲ့အတြက် ရွေးမြို့ဟောင်း တခုခုတေျာ့ဖစ်နိုင္ပါတယ်” ဟု ရွေးဟောင်း သုတေသနဌာနမွ တာဝန်ရွိသူတဦးကျေပာသည်။

ပ်ူသမိုင်းနွင့် ပတ်သက်၍ လေ့လာနေသည့် သုတေသီ ဦးဘုန်းတင့်ကေ်္ကာမျူမန္မာနိုင်ငံတြင် တေကာင်းခေတ် မတိုင္မီ ဘီစီ ၃ ရာစုမွ ၆ ရာစုအတြင်း ထြန်းကားခဲ့သည့် ပ်ူမြို့ပေါင်း ၂၂ မြို့ ရွိပြီး ယင်းမြို့မ်ားထဲတြင် ပင္လယ္ပ်ူ အမည်ရွိ မြို့တမြို့ ပါဝင်ကြောင်း၊ ဧရာဝတီတိုင်းတြင် တြေ့ရသည့် အဂင်္ပူမြို့ဟောင်းမွာ ပင္လယ္ပ်ူမြိျု့ဖစ်နိုင်ကြောင်း ယူဆေနသည်။

“ပ်ူရာဇ၀င် မွတ္တမ်းတြေမွာ ပင္လယ္ပ်ူမြို့ဆိုပြီး ဖော်ျပထားတဲ့ မြို့တမြို့ ပါတယ်။ ပင္လယ္ကမ်းနားအနီးမွာ တည္တဲ့အတြက် ပင္လယ္ပ်ူမြို့လို့ ခေါ်တယ်။ က်နော်ကေတာ့ အဂင်္ပူမြို့ဟောင်းဟာ ပင္လယ္ပ်ူမြို့လို့ ထင္မိတယ်။ ပင္လယ္ကမ်းနားမွာ တည္တဲ့ မင်းနျေပည်တော် အရြယ်ရွိတဲ့ မြို့ကြီးဆိုလို့ ဒီတမြို့ပဲ ရွိတယ်” ဟု သမိုင်းပညာရွင် ဦးဘုန်းတင့်ကေ်္ကာျေပာသည်။

ပ်ူခေတ်အုပ္ခ်ုပ္ပုံ၌ ရွင္ဘုရင္မ်ားသာလ်ွင် ကြီးမားသည့် မြို့ကြီးမ်ား တည်ဆောက္ခြင့်ရွိကြရာ မြို့စား၊ နယ္စားမ်ားမွာ ဘုရင္နန်းစံသည့် မင်းနျေပည်တော်၏ ထက်ဝက္ခန့် (သို့မဟုတ်) သုံးပုံတပုံခန့် အရြယ် အစားရွိသည့် မြို့မ်ားသာ တည်ဆောက္ခြင့်ရကြသည်ဟု သိရသည်။

အက်ယ်အ၀န်း ၈ မိုင် ပတ္လည္ခန့်ရွိသည့် အဂင်္ပူမြို့ဟောင်းမျွာမန္မျာပည်အောက္ပိုင်းရွိ ပဲခူး၊ မုတ္တမ၊ သထုံဒေသရွိ မြို့ဟောင်းမ်ားထက် အရြယ်အစား ပိုမိုကြီးမားနေသည့်အတြက် ပ်ူဘုရင္တပါးပါး ထီးနန်းစိုးစံအုပ္ခ်ုပ္ခဲ့လိမ့္မည်ဟု အဂင်္ပူမြို့ဟောင်းကို သုတေသနျပုခဲ့သည့် သမိုင်းပညာရွင်အဖြဲ့က ယူဆထားသည်။

အဂင်္ပူမြို့ဟောင်းမွာ ရခိုင်ရိုးမကို နောက္ခံထား၍ ပေ ၁၀၀ ကော််ျမင့်သည့် တောင်ကြောပေါ်တြင် တည်ဆောက် ထာျးခင်ျးဖစ်ပြီး၊ စေတီပုထိုးမ်ား၊ စိမ့်စမ်း ရေတြင်းမ်ား တည်ရွိရာနေရာကို အလယ္ဗဟို ထားကာ ဘယ္ဘက် နွင့် ညာဘက် တောင်ကြောမ်ားပေါ်တြင် ဂ၀ံကော်က္တုံးကြီးမ်ာျးဖင့် မြို့ရိုးမ်ား တည်ဆောက္ထားသည်။ မြို့အေရွ့ဘက် မ်က်နွာစာတြင် က်ယ်ျပန့်သည့်ျေမျပန့်လြင်ျပင်နွင့် ကေ်းရြာမ်ား တည်ရွိသည္ကို တြေ့ရသည်။

“အဲဒီကာလမွာ မြို့တည္တဲ့လူတြေဟာ စနစ္က်တယ်။ ဘယ္ဘက္နဲ့ ညာဘက္က တောင်ကြောတြေပ်ါမွာ ကင်းစခန်းတြေ တည္ထားပြီး အလယ္မွာ အ၀င္လမ်းလုပ္ထားပေးတယ်။ သူတို့ဆီကိုလာတဲ့ ကုန်သည်တြေ၊ သံတမန်တြေ၊ ရန်သူတြေ ၀င္လာမယ္ဆို ၀င်ပေါက္ကျေမျပန့်လြင်ျပင္ကလာရမယ့် အလယ်ပေါက္တခုပဲ ရွိတာ တြေ့ရတယ်” ဟု အဂင်္ပူမြို့ဟောင်းကို ကြင်းဆင်းလေ့လာခဲ့သူ ဦးဘုန်းတင့်ကေ်္ကာျေပာသည်။

Image may contain: food

အကယ်၍ ပ်ူမြို့သာ မွန္ပါက အက်ယ်အ၀န်း ၈ မိုင်ကော််ရွိသည့် အဂင်္ပူမြို့ဟောင်းသည် သေရေခတ္တရာ ပ်ူမြို့ဟောင်းပြီးလ်ွင် ဒုတိယအကြီးဆုံး ပ်ူမြိျု့ဖစ္လာနိုင်ကြောင်း သူက ဆိုသည်။

ဧရာဝတီတိုင်း၌ တူးဖော်တြေ့ရွိရသည့် သမိုင်း အေထာက်အထားမ်ားအရ အေဒီ ၁၄ ရာစုတြင် ထြန်းကားခဲ့သည့် အင်းဝခေတ္မွာ အေစာဆုံျးဖစ်ပြီး ယခုတြေ့ရွိသည့် အေထာက်အထားမ်ားသည် ပ်ူခေတ္ကတည်းကျဖစ်သည္ဆိုပါက အင်းဝထက် နွစ် ၁၀၀၀ ကော်် ပို၍ ရွေးက်နိုင်သည့် သေဘျာဖစ်သည်။

“လက်ရွိမွာ ပ်ူခေတ် အေထာက်အထားတြေ တြေ့ရွိနေရပြီ။ သေခ်ာစနစ္တက် တူးကြည့်မယ္ဆိုရင် သမိုင်းအတြက် တန္ဖိုးမျဖတ်နိုင္တဲ့ အေထာက်အထားတြေ ရလာနိုင္တယ်” ဟု ဦးဘုန်းတင့်ကေ်္ကာျေပာသည်။

ဧရာဝတီတိုင်း၌ ရွေးဟောင်းမြို့ဟူ၍ျေမာင်ျးမ တမြို့သာရွိပြီး ရွေးဟောင်းယဉ်ကေ်းမှု နယ်ျေမအျဖစ် သတ္မွတ်၍ ယဉ်ကေ်းမှုဝန်ကြီးဌာနက ထိမ်းသိမ်း စောင့်ရွောက္ထားကြောင်း သိရသည်။

သမိုင်းတန္ဖိုး နားမလည်ကြသည့် လူတခို့က မြို့ဟောင်းမွ ဂ၀ံကော်က္တုံးမ်ား၊ အုတ္ခ်ပ္မ်ားကို ထုခေ်၍ လမ်းခင်ျးခင်း၊ ဘုရာျးေခေတ်ာရာ ရွှေခ်ထားသည္မ်ားကို ခြာယျူခင်း၊ ဆေးကုလားမပင် စိုက္ပိုးရန်ဟုဆိုကာ မြို့ဟောင်းဧရိယာအတြင်းရွိ ရွေးဟောင်း အေဆာက်အဦးမ်ားကို ဖ်က္ဆီျးခင်းမ်ား ရွိနေသည့်အတြက် အဂင်္ပူမြို့ဟောင်းကိုလည်း ရွေးဟောင်း ယဉ်ကေ်းမှု နယ်ျေမအျဖစ် သတ္မွတ်ပြီး အစိုးရက စနစ္တက် ထိမ်းသိမ်း စောင့်ရွောက်စေလိုကြောင်း ကြပ်ျပင်တောရ ဆရာတော် ဦးပညာသီရိက မိန့်ကြားသည်။

“မြို့ဟောင်းကို ရွေးဟောင်းယဉ်ကေ်းမှု နယ်ျေမအျဖစ် သတ္မွတ်ပြီး အစိုးရက အျမန္ဆုံး စောင့်ရွောက္မွသာ အဆင်ျေပမယ်။ အခုတောင် မြို့ဟောင်း အေနာက္ဘက် ဆင္က်ုံးရွိတဲ့နေရာမွာ ဆေးကုလားမ စိုက္ဖို့ဆိုပြီး စီးပြားရေး သမားတြေက လာတူးလိုက်တော့ ဆင္က်ုံးပ်က္စီးသြားပြီ။ ဦးပဇ္စ်င်းလည်း တတ်နိုင်ေသလာက် စောင့်ရွောက် ပေမယ့် အစိုးရမလုပ်ရင္မရတဲ့ အျေခအေနျဖစ်နေပြီ” ဟု ဆရာတ္ကော မိန့်သည်။

Image may contain: outdoor

အဂင်္ပူမြို့ဟောင်းအား ၂၀၁၃ ခုနွစ္တြင် နျေပည်တော်ရွိ ရွေးဟောင်း သုတေသနဌာနမွ တာဝန်ရွိသူမ်ား လာရောက် စစ်ဆေး၍ မွတ္တမ်းတင်ျခင်းမ်ာျးပုလုပ္ခဲ့သ္လောည်း ယေန့အခိန်အထိ မြို့ဟောင်းအျဖစ် ထိမ်းသိမ်းစောင့်ရွောက်ျခင်း မရွိသေးကြောင်း သိရသည်။

နျေပည်တော်ရွိ ရွေးဟောင်း သုတေသနဌာနမွ အဆင့်ျမင့် အရာရွိတဦးကမူ “ဘတ္ဂ်တ် (အသုံးစရိတ်) အရ ဒီမြို့ဟောင်းကို က်န္တောို့က တူးဖ္ဖောို့ အလွည့် မေပးနိုင်သေးဘူး။ ရွေ့မွာက သေရေခတ္တရာ၊ ဗိဿနိုး၊ ဟန္လင်း စသျဖင့်ပေါ့၊ သေခ်ာနေတဲ့ မြို့ဟောင်းတြေ တူးဖော်နေရေတာ့ အလွည့် မေပးနိုင်သေးတာပါ။ ထိန်းသိမ်း စောင့်ရွောက္ဖို့ကေတာ့ ရွေးဟောင်းအေမြအနွစ် ထိမ်းသိမ်းရေး ဥပေဒအရ က်န္တောို့ လုပ်ဆောင်ြသားမွာပါ” ဟု ဧရာဝတီသို့ျေပာသည်။

ဆရာတော် ဦးပညာသီရိက မြို့ဟောင်းအျဖစ် သတ္မွတ်ရာအတြင် အေထာက်အကျူပုနိုင်ရေးအတြက် ဒေသခံမ်ား တြေ့ရွိထားသည့် ရွေးဟောင်းပစ္စည်းမ်ားကို အလွူခံပြီး စုဆောင်းနေသည်။

“ဒေသခံတြေက လယ္ထြန်ရင်း၊ တူးဆြရင်း ဆေးတံတြေ၊ ပယင်းနားတောင်းတြေ၊ စာတြေရးထားတဲ့ အိုျးခမ်းကဲတြေ တြေ့ကြတာရွိတယ်။ အဲဒါတြေတြ့ရင် ဦးပဇ္စ်င်းကို လွူပေးကြပါလို့ျေပာထားတယ်။ လက်ရွိတော့ အုတ္ခ်ပ် ၂၀ လောက္နဲ့ ဆေးတံဟောင်းတြေ လာလွူထားလို့ သေခ်ာသိမ်းထားတယ်” ဟု ဆရာတ္ကော မိန့်ကြားသည်။

ျမန္မာနိုင်ငံ၌ ရွေးမြို့ဟောင်းပေါင်း ၃၅၀ ကော်် တြေ့ရွိ မွတ္တမ်းတင္ထားသ္လောည်း ရွေးဟောင်း သုတေသနဌာနက မြို့ ၁၀ မြို့ခန့်သာ တူးဖ္ထောားနိုင်ကြောင်း၊ မြို့ဟောင်းမ်ားကို စနစ္တက် တူးဖော် မွတ္တမ်းတင်နိုင္မွသျာမန္မာနိုင်ငံ ထြန်းကားပေါ်ပေါက္လာပုံ သမိုင်း (Standard History)ျပုစု ရေးသား နိုင္မည်ျဖစ်ကြောင်း သမိုင်းပညာရွင် ဦးဘုန်းတင့်ကေ်္ကာျေပာသည်။

“နိုင်ငံတခုအတြက် Standard History ဆိုတာ အေရးကြီးပါတယ်။ အိမ္နီးခ်င်ျးဖစ္တဲ့ ထိုင်းနိုင်ငံတောင် Standard History ရေးပြီးပြီ။ က်န္တောို့နိုင်ငံက မေရးရေသးဘူး။ ဒါရေးမယ္ဆိုရင် မြို့ဟောင်းတြေကို စနစ္တက် တူးဖ္မေွာတ္တမ်းတင္ဖို့ လိုတယ်။ အဂင်္ပူမြို့ဟောင်းကလည်ျးမန္မာ့သမိုင်းအတြက် တေထာင့်တေနရာက အေထာက်အကျူပုနိုင္မယ္လို့ ယုံကြည္တယ်” ဟု သူကျေပာသည်။

 

ကိုးကား - Irrawaddy Blog မှကူးယူဖော်ပြပါသည်။

MTF Office

Myanmar Tourism Federation

No.3A, Corner of Waizayandar Road & Thanthumar Road, Thuwanna,
11071 Yangon, MYANMAR
Tel: +95-1-855 1012, 855 1013
Fax: +95-1-855 1016
Email: This e-mail address is being protected from spambots. You need JavaScript enabled to view it.